စိုက်ပျိုးရေးသိပ္ပံကျောင်း (သာယာဝတီမြို့)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဗေဒင်ကုန်းရပ်ကွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ( ၅-၈-၂၀၂၄ ) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင်ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်း၊ အငယ်တန်းစာရေး ဒေါ်အိမွန်မွန်ဖြိုးနှင့် ဒေါ်စန္ဒာမိုးတို့သည်သွားရောက်၍ စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများဆွေးနွေးဟောပြောခဲ့ပါသည်။

        ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ကြောင်း၊ အခန်း (၂၅)ခန်းနှင့် ပုဒ်မခွဲ (၈၄)ခုပါရှိကြောင်း၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များရှိကြောင်း၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များအားလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူကျောင်းသား/သူများအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် (Consumer Information Complaint Center-CICC) စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများအား ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း၊ တိုင်ကြားမှုနည်းလမ်းများအနေဖြင့် လူကိုယ်တိုင် သို့မဟုတ် စာဖြင့်တိုင်ကြားခြင်း၊ ဖုန်းဖြင့်ဆက်သွယ် တိုင်ကြားနိုင်ကြောင်း၊ www. doca. gov. mm တွင်တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar  Application ဖြင့်တိုင်ကြားနိုင်ကြောင်း၊ Call Center 1535 တို့တွင်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ကျောင်းသား/သူများအားသိရှိလိုသည့် စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)