ရာသီစာမျှစ်ဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များသည် ပဲခူးရိုးမတောင်ခြေများအနီးရှိ ဝါးရုံတောများမှ မျှစ်များရရှိပါသည်။ မျှစ်များလှိုင်လှိုင်ထွက်ရှိသော မိုးဦးကျကာခါစ၊ ဇွန်လ၊ ဇူလိုင်လများသည် မျှစ်အပေါဆုံးထွက်ရှိသောလများဖြစ်ပါသည်။တောင်ပေါ်တောများမှ အများဆုံးစားသုံးသော မျှစ်အမျိုးအစားများမှာ သိုက်မျှစ်၊ ကြသောင်းမျှစ်၊ မျှင်မျှစ်၊ ဝါးဖြူမျှစ်တို့ဖြစ်ကြပါသည်။ ကျေးလက်တောရွာများတွင် စိုက်ပျိုးထားသောဝါးပိုးဝါးမျှစ်များကို  မျှစ်ချဉ်ထည့်၍ ရောင်းချလေ့ရှိကြသည်။

   သိုက်မျှစ်များသည် အဦးဆုံးပေါ်သောမျှစ်ဖြစ်ပြီး ပေါ်စအချိန်တွင် ဈေးကွက်၌ ဈေးကောင်းရရှိပါသည်။ မျှစ်များကို ကြော်စား၍သေ်လည်းကောင်း၊ အိုးကြီးများတွင်ထည့်၍လည်းကောင်း၊ ကော်ပုံးကြီးထဲများတွင် ဆားထည့်၍ တစ်နှစ်ပတ်လုံးစားသုံးရန် ဝယ်ယူထည့်ထားလေ့ရှိပါသည်။ ကြသောင်းမျှစ်များကိုမူ အချိုချက်စား၍သေ်လည်းကောင်း၊ ကြော်စား၍သေ်လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ သိုက်မျှစ်နှင့် ဝါးဖြူမျှစ်များကို  ငါးပိရည်တို့စရာအဖြစ် စားသုံးလေ့ရှိကြပါသည်။ သိုက်မျှစ်များပေါ်စအချိန်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်ဈေးဖြင့်ဝယ်ယူရပြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်နှင့် သြဂုတ်လ၊ ဒုတိယအပတ်ထိ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးဖြင့် ဝယ်ယူစားသုံးနေကြပါသည်။ ကြသောင်းမျှစ်နှင့် မျှင်မျှစ်တို့ပေါ်စအချိန်၌ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်တွင် ၁၆၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဝါးဖြူမျှစ်တစ်ပိဿာလျှင် ပေါ်စအချိန်တွင် ၄၀၀၀ကျပ်၊ လှိုင်လှိုင်ပေါ်ချိန်နှင့် ဝါးပိုးမျှစ်ချဉ်တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်-၅၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မျှင်မျှစ်(ခေါ်) မျှစ်နီများကို ဒေသတွင်းစားသုံးနိုင်ရုံသာမက ရန်ကုန်မြို့ကြီးများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ရာသီစာမျှစ်များကို နှစ်ခြိုက်စွာဝယ်ယူစားသုံးလျက်ရှိကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)