မွန်ဒေသထွက်ကုန် ပီလောပီနံဥ အထွက်ကောင်းပြီး ဈေးကောင်းရနေ

Powered by Drupal

   မွန်ပြည်နယ်တွင် ပီလောပီနံကို ၂၀၂၃-၂၀၂၄ခုနှစ်တွင် စိုက်ဧက ၈၅၉ ဧက၊ ရိတ်ဧက ၄၄၀ဧက၊ နှုန်း ၃၄၇၂.၂၇ နှင့် အထွက် ၁၆၄၆၅၉၈ ပိဿာရှိခဲ့ကြောင်း သိရှိရသည်။ မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ဘီးလင်းမြို့၊ သထုံမြို့၊ ပေါင်မြို့၊ ချောင်းဆုံမြို့၊ ကျိုက်မရောမြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့၌ စိုက်ပျိုးကြသည်။

    ယင်းမှ ပီလောပီနံဥ အများဆုံးစိုက်ပျိုးသည့်မြို့များမှာ ချောင်းဆုံမြို့ ( ဘိုးနက်ကျေးရွာ၊ ကတောင်စိန်ကျေးရွာ၊ ခြံတန်းကျေးရွာ) ၊ ကျိုက်မရောမြို့ တို့ဖြစ်သည်။ ပီလောပီနံဥဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၂၃၀၀)ကျပ် ဖြစ်သည်။ ဈေးကွက်အတွင်းပီလောပီနံဥကို စိုက်ပျိုးသူတောင်သူများ ကိုယ်တိုင်နှင့် လက်ကားဝယ်ရောင်းသူများမှ ရောင်းဝယ်လုပ်ကိုင်လျက်ရှိပြီး  ပီလောပီနံဥသည် ဈေးကွက်အတွင်း၌ အရောင်းအဝယ်ကောင်းနေပါသည်။ ထို့ကြောင့် သဘာဝဥ အစာအစားဖြစ်သော ပီလောပီနံကို လူတိုင်းကြိုက်နှစ်သက်၍ ဝယ်ယူစားသောက်ကြရာ ပီလောပီနံဥ ပြုတ်၍လည်းကောင်း၊ ပေါင်း၍လည်းကောင်း အမျိုးမျိုးပြုလုပ်စားသောက်ကြသည်။

DOCA(မွန်)