မွန်ပြည်နယ်ထွက် သပြုသီးဈေးနှုန်းအခြေအနေ

Powered by Drupal

    ယခုမိုးရာသီးတွင် မွန်ပြည်နယ်၌ သပြုသီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သည်။ သပြုသီးမှာ လုံးဝန်းသောပုံသဏ္ဍာန်ရှိပြီး အခွံအဖတ်အထပ်ထပ်အုပ်ထားသော အသီးတစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်လို (Elephant Apple) ဟုလည်းခေါ်ကြသည်။ သပြုသီးပင်မှာ အလေ့ကျပေါက်သည့်အပင်ကြီးမျိုးများဖြစ်သည်။ သပြုသီးကို မွန်၊ ရခိုင်နှင့် ဧရာဝတီဒေသတို့တွင် အများဆုံးစားသုံးကြသည်။ သပြုသီးမှာ ရာသီပေါ်သီးနှံဖြစ်ပြီး မိုးဦးကျ စတည်းက တွေ့ရှိနေရပြီဖြစ်သည်။

     သပြုသီးမှာ မွန်ပြည်နယ် ကျိုက်မရောမြို့၊ ချောင်းဆုံမြို့၊ ပေါင်မြို့နယ်များတွင် အဓိကထွက်ရှိပြီး အဆိုပါဒေသများမှ မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြကြောင်း၊ သပြုသီးဈေးနှုန်းမှာ အလုံးကြီး(အရင့်) တစ်လုံးလျှင် လက္ကားဈေး (၂၀၀) ကျပ်၊ လက်လီဈေး (၃၀၀) ကျပ်ရှိပြီး အလုံးသေး(အနု) တစ်လုံးလျှင် လက္ကားဈေး (၄၀၀)၊ လက်လီဈေး (၆၀၀) ကျပ်ရှိကြောင်း အလုံးသေး(အနု)ကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။

DOCA(မွန်)