ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအခြေအနေအား ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မဈေးအတွင်းရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များ၌ စားအုန်းဆီများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီအရောင်းဆိုင်များဖြစ်သော ဦးတင်ဦးကုန်စုံဆိုင်၊ ဒေါ်မျိုးသူဇာထွန်းကုန်စုံဆိုင်နှင့် ဦးစန်းဌေးကုန်စုံဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချလျက်ရှိပြီး ၎င်းမှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင်လည်း သယ်ယူစရိတ်အပါ (၂)ရာခိုင်းနှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)