“ တွံတေးမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်ဆိုင်များသို့သွားရောက်၍ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေမှုအခြေအနေအား ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်အရ တွံတေးခရိုင်အတွင်းမြို့နယ်များ၌ စားအုန်းဆီဖြန့်ဖြူးရောင်းချနေသည့်အခြေအနေများကိုသိရှိစစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေးကို စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံ ဦးအာကာမင်းက ဘုရင့်နောင်(၅)လမ်း၊ ရွှေဆံတော်ရပ်ကွက်ရှိ စားအုန်းဆီကိုယ်စားလှယ် ဦးစိန်လင်းဆီဆိုင်၏ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများအခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်ခွဲတမ်းများကို စားအုန်းဆီကိုယ်စားလှယ်အား ခွဲတမ်းချထားပေးပြီးဖြစ်သဖြင့် ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးကို ဒေသအရောက် သယ်ယူစရိတ်အပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် တွံတေးမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)