“ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားအရောင်းဆိုင်များ၏ စားအုန်းဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားအရောင်းဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိကို ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးမျိုးငြိမ်းဦးဆီဆိုင်၊ ဗိုလ်ချုပ်လမ်း ဆပုဂံကျေးရွာရှိ ဒေါ်မော်မော်ခိုင်ဆီဆိုင်များ၏ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားနိုင်ရေးအတွက် သတ်မှတ်ခွဲတမ်းများခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား ဒေသအရောက်သယ်ယူစရိတ်အပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)