“ ခရမ်းမြို့နယ်ရှိ စားအုန်းဆီရောင်းချလျက်ရှိသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချလျက်ရှိသောဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် အမှတ်(၁၉)၊ ကမ်းနားလမ်း (၂)ရပ်ကွက်ရှိ ရွှေခြင်္သေ့ဆီဆိုင်၊ အမှတ်(၁၃) ကမ်းနားလမ်း(၂)ရပ်ကွက်ရှိ ဒေါ်ခင်သိန်းဆီဆိုင်၊ ရုံ(ဘီ) အမှတ်(၇) စည်ပင်သာယာမြို့မဈေးမှ ဦးအောင်ဝင်းဆီဆိုင်နှင့် ရုံ(အီး) အမှတ်(၁/၂၊ ၉/၁၀) စည်ပင်သာယာမြို့မဈေးမှ ဒေါ်မြသန်းဆီဆိုင်များ၏ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချမှုအခြေအနေနှင့် ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီကိုယ်စားလှယ်များအား သတ်မှတ်ခွဲတမ်းများခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ဆီခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား ဒေသအရောက် သယ်ယူစရိတ်အပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)