ပုသိမ်မြို့နယ်အတွင်း ကွမ်းရွက်ဈေးနှုန်းဈေးကွက်မြင့်တက်လျက်ရှိ

Powered by Drupal

       ပုသိမ်မြို့နယ်အတွင်း ကွမ်းရွက်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ကွမ်းလက်လီရောင်းချရသည့်ဆိုင်များနှင့် ကွမ်းယာရောင်းချသည့်ဆိုင်များ တွက်ခြေမကိုက်ကြောင်း ဒေသခံရောင်းချသူများထံမှသိရှိရပါသည်။ ပုသိမ်မြို့နယ်တွင်ရောင်းချသည့် ကွမ်းရွက်အများစုမှာ ပုသိမ်ကွမ်း၊ ကျောင်းကုန်းကွမ်းနှင့် ပန်းတနော်ကွမ်းတို့ဖြစ်ကြပြီး ယခုလက်ရှိကာလသည် မိုးရာသီဖြစ်သည့်အလျောက် ကွမ်းစိုက်သောဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် ကွမ်းခြံများရေနစ်မြှပ်မှုကြောင့် ကွမ်းရွက်ဈေးနှုန်းမြင့်တက်နေကြောင်းသိရှိရပါသည်။

          ပုသိမ်မြို့နယ်တွင်ရောင်းချနေသော ကွမ်းရွက်ဈေးနှုန်းများမှာ (၆-၈-၂၀၂၄)ရက်နေ့ ကွင်းဆင်းမေးမြန်းချက်အရ ပုသိမ်ကွမ်းနှင့် ကျောင်းကုန်းကွမ်းတို့၏ဈေးနှုန်းသည် ကွမ်းရွက်အမျိုးအစားအပေါ်မူတည်၍ တစ်ပိဿာလျှင် ၂၅၀၀ဝိ/-မှ ၃၀၀၀ဝိ/-ထိရှိနေပြီး ပန်းတနော်ကွမ်းရွက်မှာ ဈေးကွက်တွင် အမြင့်ဆုံးဖြစ်၍ တစ်ပိဿာလျှင် ၃၅၀၀ဝိ/-မှ ၄၀၀၀ဝိ/-ထိမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)