မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ ဩဂုတ်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၅၀၀-၁၅၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၂၀၀-၃၂၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၄၂၅၀-၄၃၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၁၅၀) ကျပ်ဖြင့်ရောင်းဝယ်ဖြစ်လျက်ရှိပြီး၊ ဇူလိုင်လ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၀၀၀-၃၁၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၄၀၀၀-၄၀၅၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၁၀၀-၂၁၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ယခုလ ကာလတူနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံဈေးနှုန်းနှင့် ကုန်ချောဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။

          ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၀၀၀၀-၈၁၀၀၀) ကျပ်၊ ထိုင်ဝမ်တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၇၇၀၀၀) ကျပ်စျေးဖြင့်ရောင်းဝယ်လျက်ရှိပြီး၊ ယခင်ဇူလိုင်လ ဒုတိယပတ်အတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ ထိုင်ဝမ်တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ 929 တစ်တင်လျှင် (၇၆၀၀၀) ကျပ်စျေးရှိခဲ့ရာ ယခင်လနှင့် ယခုလကာလတူနှိုင်းယှဉ်လျှင် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၄၀၀၀) ကျပ်နှင့် 929 တစ်တင်းစျေးမှာ တစ်တင်းလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

         ယခုဇူလိုင်လ ဩဂုတ်လပတ်အတွင်း စက်မှုကုန်ကြမ်းသီးနှံနှင့် စားဖိုဆောင်သီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင်(၇၀၀၀-၈၀၀၀)ကျပ်၊ ကြက်သွန်နီတစ် ပိဿာလျှင် (၁၈၀၀) ကျပ်၊ ယခင်ဇူလိုင်လ ဒုတိယပတ်အတွင်း စက်မှုကုန်ကြမ်းသီးနှံနှင့် စားဖိုဆောင်သီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၈၅၀၀-၉၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်ရှိပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် စက်မှုကုန်ကြမ်သီးနှံဖြစ်သော ဝါတစ်ပိဿာလျှင် (၂၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာပြီး၊ ငရုတ်သစ်တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)