“မြေပဲ(မိုး)စိုက်ပျိုးမှုနှင့် စျေးကွက်အခြေအနေ”

Powered by Drupal

      ကျောက်ဆည်ခရိုင်အနေဖြင့် မြေပဲ(မိုး)စုစုပေါင်း (၄၂၇)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၁၁၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၃)ဧက၊ မြစ်သားမြို့နယ်တွင် (၂၉၁) ဧကဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့်  အပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေကြောင်း၊ မြေပဲစိုက်ပျိုးမှုအနေဖြင့် မျိုး(အဆံ)စိုက်ပျိုးပါက (၂၄)ပြည်စိုက်ပျိုးရကြောင်း၊ မြေပဲတောင့်စိုက်ပျိုးမည်ဆိုပါက (၄)တင်းစိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ မြေပဲကို ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ မြေပဲစျေးနှုန်းအနေဖြင့် ယခုလက်ရှိအချိန်တွင် မြေပဲဆန်ပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် (၉၀၀၀/-)ကျပ်၊ မြေပဲတောင့်(၁)ပိဿာလျှင် (၄၀၀၀/-)ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၇၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)