“ ကြက်သွန်ပျိုးများ စတင်ပျိုးထောင်လျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်များကိုစိုက်ပျိုးရန်အတွက် သြဂုတ်လဆန်းမှစတင်၍ ကြက်သွန်ပျိုးများစတင်ပျိုးထောင်လျက်ရှိပါသည်။ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်ရန်အတွက် ယခုအချိန်မှစတင်၍ ပျိုးများထောင်နေခြင်းဖြစ်ပါ၍ ကြက်သွန်ပျိုး(၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခြင်း၊ ရေသွင်းခြင်း၊ ရေထုတ်ခြင်း၊ မြေသြဇာပက်ခြင်း၊ ဆေးဖြန်းခနှင့် မျိုးအပါအဝင် (၆၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုး(မျိုးမှန်) (၁)ပြည်လျှင် (၁၈၀၀၀၀/-)ကျပ်နှင့် ရွှေဖလား ထိပ်မောက် (မျိုးမှား) (၁)ပြည်လျှင် (၁၅၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ဝယ်ယူပျိုးထောင်ရကြောင်း၊ (၁)ဧကစိုက်ပျိုးရန်အတွက် မျိုး(၂)ပြည်ထောင်ရကြောင်း၊ ကြက်သွန်ပျိုးထောင်သက်တမ်း (၁)လခွဲ၊ (၂) လအကြာတွင် စတင်စိုက်ပျိုးနိုင်ကြောင်း၊ ကြက်သွန်များစိုက်ပျိုးပြီးစီးထွက်ရှိချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်း၊ ကြက်သွန်ပျိုးများ စတင်ထောင်နေသော ကသဲကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)