“မြှုပ်ခရမ်းသီးစျေးနှုန်းအခြေအနေ”

Powered by Drupal

      ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ မျိုးအနေဖြင့် ခရမ်းသီးအလုံးသေး (မြုပ်ခရမ်း)ကိုစိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး  တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း၊ (၂)လခွဲ၊ (၃)လအချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ်လျှင် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် အလုံးသေး (မြုပ်ခရမ်း)မှာ ပိဿာ(၃၀၀-၄၀၀)ခန့်အထိထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၄-၅)လအထိခူးဆွတ်နိုင်ကြောင်း၊(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၈၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ ယခုလက်ရှိစျေးနှုန်းအနေဖြင့် ခရမ်းသီးအလုံးသေး(မြုပ်ခရမ်း) တစ်ပိဿာလျှင် (၁၂၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀/-)ကျပ်ခန့်ရရှိသောကြောင့် ယခုနှစ်ခရမ်းစိုက်တောင်သူများစျေးကောင်းရရှိပြီး တွက်ချေကိုက်ကြောင်း ခရမ်းစိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)