မော်လမြိုင်ဈေးကွက်သို့ဝင်ရောက်နေသည့် ထောပတ်သီး

Powered by Drupal

    ထောပတ်သီးသည် မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးမှုနည်းပါး၍ ရှမ်းပြည်နယ်မှ အဝင်များသော အသီးများဖြစ်သည်။ ယခုအချိန်တွင် မော်လမြိုင်မြို့ပေါ်ရှိဈေးများ၌ ထောပတ်သီးများ အများအပြား ရောင်းချလျက်ရှိသည်ကို တွေ့ရှိရသည်။  ထောပတ်သီး၏ဈေးနှုန်းများမှာ (အကြီး)အသီးတစ်ကီလိုလျှင် ၄၅၀၀ကျပ်၊(အသေး)အသီး တစ်ကီလိုလျှင် ၄၀၀၀ ကျပ်၊ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ ထောပတ်သီးကို စားသုံးခြင်းဖြင့် ခန္ခာကိုယ်အတွက် အကျိုးပြုသော အဆီတစ်မျိုး ဖြစ်သော Omega 3 fatty acid ကြွယ်ဝစွာ ပါဝင်ပါသည်။ ၎င်းအသီးမှာ ပါဝင်သော မပြည့်ဝဆီသည် ကိုယ်သွေးတွင်း ကိုလစ်စထရောဓာတ်ကိုကျစေပြီး၊ နှလုံးကိုကျန်းမာစေသည်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး သကြားဓာတ်ပါဝင်မှုတော်တော်နည်းပါးသည်။ ထို့ကြောင့် စားသုံးသူများ၍ အမျိုးမျိုး(ထောပတ်သီးအခြစ်သော်လည်းကောင်း၊ ဖျော်ရည်သော်လည်းကောင်း)  စားသောက်ကြသည်။

DOCA(မွန်)