မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

          မော်လမြိုင်မြို့၌ ယခုမတ်လစတုတ္ထအပတ်တွင်ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ကောင်းလာပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းပုံမှန်ရှိနေကြောင်း သိရှိရသည်။

             အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၈၆၅၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၈၈၅၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ် မှာ ကျပ်၅၂၀၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kg ပါ တစ်အိတ်မှာ ကျပ် ၆၁၅၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ်၉၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါ တစ်အိတ်မှာ ကျပ် ၅၅၀၀၀၊ ရှိခဲ့ပြီး ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၈၅၁၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်မှာ ကျပ် ၈၃၂၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ် မှာ ကျပ် ၅၅၀၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kg ပါ တစ်အိတ်မှာ ကျပ် ၆၁၅၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါ တစ်အိတ်မှာ ကျပ်၉၈၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါ တစ်အိတ်မှာ ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)