ဝေါမြို့အတွင်းရှိ အိမ်သုံးဆေးဝါးများနှင့် အခြေခံလူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ (၅-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများ၊ ကိုယ်တိုက်ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာအမျိုးမျိုး၊ အိမ်သုံးဆေးဝါးများဖြစ်သော ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး၊ အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေးရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့ သွားရောက်ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)