ဘားအံဈေးကွက် ကြက်ဥဈေးအနည်းငယ်တက်

Powered by Drupal

    ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥ နှင့်ငုံးဥများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥ နှင့် ငုံးဥများ ရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းအမျိုးမျိုးရှိပြီး ကြက်ဥ အလုံးကြီး တစ်လုံးလျှင် (၄၀၀)ကျပ်၊ ကြက်ဥ အလုံးလတ်တစ်လုံးလျှင် (၃၈၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင် (၃၅၀) ကျပ်၊ ဘဲဥအလုံးကြီးတစ်လုံးလျှင် (၄၅၀) ကျပ်၊ ဘဲဥအလုံးသေး တစ်လုံးလျှင် (၃၈၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဆားဘဲဥ တစ်လုံးလျှင် (၁၅၀၀) ကျပ်၊ ငုံးဥ တစ်လုံးလျှင် (၁၀၀) ကျပ်တို့ဖြစ်  အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ယခုမိုးရာသီကာလတွင် ကရင်ပြည်နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံအချို့တွင် ဥနှုန်းကျဆင်းခဲ့ပြီး ဈေးကွက်လိုအပ်ချက်အရ ဈေးကွက်ဝင်ရောက်မှုလျော့နည်းခဲ့ကာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက ကြက်ဥဈေးနှုန်း တစ်လုံးလျှင် ပျမ်းမျှ ၃၀ ကျပ်ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)