နတ်တလင်းမြို့မှ ကွမ်းဈေးကွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးစိုက်ပျိုးကြသည်။မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် ဆောင်းကိုသာဦးစားပေးစိုက်ပျိုးကြသည်။ ကွမ်းအမျိုးအစားများမှာ ကွမ်းရွက်ဝါနှင့် ကွမ်းရွက်စိမ်းဟူ၍ နှစ်မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြောင်း ကွမ်းရွက်ရောင်းဝယ်သူထံမှသိရှိရပါသည်။

     နတ်တလင်းမြို့နယ်၌ဖြစ်ပေါ်နေသော ကွမ်းရွက်ဝါဈေးနှုန်းများမှာ လက်ကားဈေးအနေဖြင့် ကွမ်းရွက် အကြီးအသေးအပေါ်မူတည်၍ သြဂုတ်လ ပထမပတ်တွင် ကွမ်းရွက်(ရှယ်) တစ်ပိဿာလျှင် ကျပ်၁၅၀၀ဖြင့်လည်ကောင်း၊ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် ကျပ်၁၀၀၀ဖြင့်လည်ကောင်း၊ လက်လီဈေးအနေဖြင့် ကွမ်းရွက်(ရှယ်) တစ်ပိဿာလျှင် ကျပ်၁၈၀၀ဖြင့်လည်ကောင်း၊ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် ကျပ်၁၃၀၀ဖြင့်လည်ကောင်း၊ သြဂုတ်လ ဒုတိယပတ်တွင် လက်ကားဈေးအနေဖြင့် ကွမ်းရွက်(ရှယ်) တစ်ပိဿာလျှင် ကျပ်၂၅၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် ကျပ်၃၁၀၀ဖြင့်လည်းကောင်း၊ လက်လီဈေးအနေဖြင့် ကွမ်းရွက် (ရှယ်) တစ်ပိဿာလျှင် ကျပ်၂၃၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ရိုးရိုး) တစ်ပိဿာလျှင် ကျပ်၂၉၀၀ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။ မိုးရာသီတွင် ကွမ်းအထွက်နှုန်းတိုးသော်လည်း ကွမ်းဈေးနှုန်းကျဆင်းလာသည်။ နွေရာသီတွင် ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးများကျဆင်းကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုလျော့နည်းကာ ဈေးနှုန်းများမြင့်တက်လာသည်။ နတ်တလင်းမြို့မှထွက်ရှိသော ကွမ်းရွက်များကို ပြည်မြို့နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(ပဲခူး)