နတ်တလင်းမြို့နယ်ရှိ တစ်နိုင်တစ်ပိုင်သခွားသီးဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မိုးရာသီ၌ ရာသီပေါ်သီးနှံများကိုစိုက်ပျိုးကြရာ သခွားသီးကို မိသားစုအပိုဝင်ငွေရရှိစေရန် ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ သခွားသီးကို ကဆုန်လတွင် စတင်စိုက်ပျိုးကာ စိုက်ပျိုးပြီးနောက် ၄၅ရက်အကြာတွင် စတင်ခူးဆွတ်နိုင်သည်။ သခွားစိုက်ရာတွင် မြေသြဇာကျွေးခြင်းများပြုလုပ်ပေးရပါသည်။ ဈေးကွက်အနေဖြင့် အနီးနားရှိမြို့နယ်များနှင့် ရန်ကုန်သို့တင်ပို့ရောင်းချကြောင်းသိရှိသည်။ သခွားသီးတစ်လုံးလျှင် လက်ကားဈေး ၁၀၀ကျပ်နှုန်းနှင့် လက်လီဈေးာ ၂၀၀ကျပ်နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။

      သခွားသီးတွင် ရေဓာတ် ၉၆ရာခိုင်နှုန်းခန့်ပါဝင်သည့်အတွက် ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေနိုင်ပါသည်။ သခွားသီးစားခြင်းဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါသည်။ နတ်တလင်းမြို့နယ်ရှိ နေထိုင်သူတချို့သည် တစ်နိုင်တစ်ပိုင်သခွားသီးစိုက်ပျိုးခြင်းကြောင့် အရင်းအနှီးလည်းနည်းပြီး အပိုဝင်ငွေရရှိသည့်အတွက် အဆင်ပြေလျက်ရှိကာ စိုက်ပျိုးသင့်သည့်သီးနှံဖြစ်‌ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)