တောင်ငူမြို့ ဈေးများတွင် ဝါးနွယ်မျှစ်များ ဈေးကျနေပြီ

Powered by Drupal

       တောင်ငူမြို့သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်နှင့် အနောက်ဘက်ရှိ ပဲခူးရိုးမတောင်ကြားတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ တောင်ပေါ်ဒေသများရှိ ဝါးများမှရရှိသော ဝါးနွယ်မျှစ်များအား တောင်ခြေကျေးရွာများမှ ရွာသူ/ ရွာသားများခုတ်ယူ၍ မြို့ပေါ်ဈေးများတွင် လာရောက်ရောင်းချကြပါသည်။

        ဝါးနွယ်မျှစ်များမှာ အချောင်းသေးသွယ်သောပုံသဏ္ဌာန်ရှိ၍ နုဖတ်ကာ ချိုမြိန်သည့်အရသာရှိသောကြောင့် ယခုကဲ့သို့သော မိုးဦးကျရာသီတွင်ပေါ်သော ဝါးနွယ်မျှစ်မှာ လူကြိုက်များသည့် မျှစ်တစ်မျိုးလည်းဖြစ်ပါသည်။

       ဝါးနွယ်မျှစ်ဈေးနှုန်းအနေဖြင့် ယခင်ပေါ်ဦးပေါ်ဖျားကာလတွင် တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့သော်လည်း ယခုဩဂုတ်လ ဒုတိယပတ်တွင် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ မျှစ်ရောင်းချသူတစ်ဦးထံမှစုံစမ်းသိရှိရပါသည်။ ညောင်ပင်ဈေးတွင် ရောင်းချနေသောမျှစ်များမှာ တောင်ငူဒေသထွက်မျှစ်များနှင့် ရေတာ ရှည်မြို့မှ လာရောက်ရောင်းချသောမျှစ်များဖြစ်ပါသည်။ ယခုကဲ့သို့ မျှစ်ဈေးနှုန်းကျဆင်းသွားခြင်းမှာ မျှစ်ဖြိုင်ဖြိုင်ပေါ်လာသောကာလဖြစ်သဖြင့် ကျဆင်းသွားခြင်းဖြစ်ကြောင်း မျှစ်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)