မကွေးမြို့တွင် ရာသီပေါ်နာနတ်သီးများဝင်ရောက်ကာ အရောင်းသွက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ဗန်းမော်ဒေသထွက် နာနတ်သီးများ လှိုင်လှိုင် ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

     ဗန်းမော်ဒေသမှ ထွက်ရှိသည့် နာနတ်သီးများကို အလုံးအကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၂၀၀၀-၂၅၀၀)တို့ဖြင့် ရောင်းချကြောင်း၊ တစ်နေ့လျှင် အလုံးရေ(၃၅၀)ခန့်ရောင်းရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ယခင်နှစ်ကထက်ဈေးနှုန်းပိုသော်လည်း နာနတ်သီး အရည်အသွေးကောင်းမွန်မှုကြောင့် ဝယ်ယူသူများအကြိုက်တွေ့၍ ရောင်းအားကောင်းလျက်ရှိကြောင်း၊ သစ်သီးဖျော်ရည်ဆိုင်နှင့် သစ်သီးယိုထိုး၍ ပြန်လည်ရောင်းချသူများက ပို၍ဝယ်ယူကြကြောင်း၊ မကွေးမြို့သို့(၆)ဘီးကားဖြင့် တစ်ရက်လျှင် (၁)စီး၊ အလုံးရေ(၃၀၀၀)ကျော် ဝင်ရောက်ကြောင်း မကွေးမြို့ပေါ်ရှိ သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များမှ သိရသည်။

DOCA(မကွေး)