တောင်ငူမြို့ရှိ ပြည့်ဖြိုးကျော် ပေါင်မုန့်ကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်ရှိ ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်လုပ်ငန်းသို့သွားရောက်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်မှုအခြေအနေမျာကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာ ပြည့်ဖြိုးကြော် ပေါင်မုန့်ကြော်လုပ်ငန်းသည် အလုပ်သမား(၅)ဦးဖြင့် ထုတ်လုပ်လျက်ရှိပြီး တစ်နေ့လျှင် ကုန်ကြမ်းအဖြစ် ကြက်ဥ(၁၂၀)လုံး၊ ဂျုံ ၁၀ကီလိုဂရမ်၊ သကြား ၂၅ကီလိုဂရမ်၊ ပွဆေးတစ်ထုပ်ခွဲ၊ မုန့်နုဆေး (Super-do) အိတ်တစ်ဝက်နှင့် ဆီ (၂၀)ပိဿာအသုံးပြုရကြောင်းသိရပါသည်။

       ပုံမှန်အားဖြင့် တစ်ရက်လျှင် ပေါင်မုန့်ကြော် (၂၀၀၀)ခုထုတ်လုပ်ပြီး အော်ဒါအမှာရှိသည့်အခါမျိုးတွင် တစ်ရက်လျှင် (၂၅၀၀)ခုအထိထုတ်လုပ်ကြောင်း၊ ထုတ်လုပ်သည့် ပေါင်မုန့်ကြော်များအား ရပ်ကွက်တွင်းရှိ အိမ်ဆိုင်များနှင့် ဆိုင်ကယ်ဖြင့် ကျေးရွာများသို့ လှည့်လည်ရောင်းသူများအား ရောင်းချပေးကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ခုလျှင် ၂၄၅ကျပ်ဖြင့်ရောင်းချပြီး တစ်ဆင့်ပြန်လည်ရောင်းသူများမှာ ၃၀၀ကျပ်ဖြင့်ရောင်းချကြကြောင်း လုပ်ငန်းရှင် ဒေါ်ဇင်မာမြင့်၏ ပြောပြချက်အရသိရပါသည်။

DOCA(ပဲခူး)