![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၆၆_3.jpg?itok=Mjn5MZBd)
တောင်ငူခရိုင်ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များသည် ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စားသုံးဆီများကိုလည်းကောင်း အခြေခံလူတန်းစားများရှိရာရပ်ကွက်များသို့အရောက် mobile မော်တော်ယာဉ်များဖြင့်သွားရောက်၍ ရောင်းချပေးလျက်ရှိပါသည်။
ဩဂုတ်လ ၇ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ နည်းပညာတက္ကသိုလ်ရှိ သင်ကြား/စီမံဝန်ထမ်းများအား ဆန် ၁၀ပြည်နှင့် စားအုန်းဆီပိဿာ ၁၈၀ကိုလည်းကောင်း၊ ညနေပိုင်း၌ အမှတ်(၈)ရပ်ကွက်၊ အုတ်ကျွတ်တန်းတွင် ဆန် ၁၀အိတ်နှင့် စားအုန်းဆီပိဿာ ၂၀၀ကိုလည်းကောင်း ရောင်းချပေးခဲ့ပါသည်။
(၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးကြောင်းနှင့် ဆန်နှင့်စားအုန်းဆီများရောင်းချရာသို့ စားသုံးဆီရေးရာဦးစီးဌာနမှ ဝန်ထမ်းများကကြီးကြပ်ပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)