လက်ပံတန်းမြို့နယ်၏ စားသုံးဆီရောင်းချနေမှုများအား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

       ထို့သို့ဆောင်ရွက်ရာတွင်  လက်ပံတန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၈-၈-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် လက်ပံတန်းမြို့မဈေးကြီးအတွင်းရှိ စားသုံးဆီရောင်းချနေသောဆီဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်းရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိ၊ ရောနှောဆီများကို ရောင်းချခြင်းမပြုကြရန်မှာကြားခဲ့ပါသည်။ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)