လက်ပံတန်းမြို့နယ် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊  မြို့မရပ်ကွက်၊ ၂လမ်း၊ ခရိုင်ဦးစီးမှူးရုံး၌ ကုန်မျိုးစုံပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်(၃၅)ဦးနှင့် (၆-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊  စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုတို့နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေ အခန်း(၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)