ရွှေဘိုခရိုင်၏ ဩဂုတ်လ ပထမပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းတည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၂၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၆၇၀၀၀အိတ်၊ တန်အားဖြင့် ၃၃၅၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၃၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၆၈၀၀အိတ်၊ တန်အားဖြင့် ၃၈၄၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၉၈၀၀အိတ်၊ တန်အားဖြင့် ၄၉၀တန်ပို၍စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဩဂုတ်လ ပထမပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၄၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)