ကန့်ဘလူခရိုင်၌ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်နိုင်တစ်ပိုင်မွေးမြူကြသည်။ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများကို ဒေသတွင်းကြက်ခြံ၊ ဘဲခြံနှင့် ငုံးခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် ငွေကျပ်(၄၀၀)၊ ကြက်ဥသေးတစ်လုံးလျှင် ငွေကျပ်(၃၈၀)၊ ဘဲဥတစ်လုံးလျှင် ငွေကျပ်(၅၅၀) နှင့် ငုံးဥ(၈)လုံးလျှင် ငွေကျပ်(၁၀၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူ၌ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြကြောင်း၊ အိမ်ရှင်မများက ဟင်းလျာအဖြစ်ချက်ပြုတ်ရန်အတွက် ဝယ်ယူအသုံးပြုကြကြောင်း၊  ကန့်ဘလူမြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥရောင်းချသည့် ဈေးသည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)