ရှမ်းတောင်ဒေသထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်

Powered by Drupal

     ၂၀၂၄ခုနှစ်ဩဂုတ်လပထမပတ်တွင် ကုန်စိမ်းသီးနှံများဈေးကွက်ဝင်ရောက်မှုများပြား လာပြီး သီးနှံဈေးနှုန်းများသည်မလည်း အကျဖက်ရောက်ရှိလာနေပါသည်။ ယခုတတိယပတ် ပြောင်း သီးနှံမှာ ဈေးနှုန်းသိသိသာသာမပြောင်းလဲပဲ စီးဆင်းမှုလည်းနည်းပါးနေပါသည်။ ဟိုပုံး၊ ရပ်စောက်နှင့် တောင်လေးလုံးဒေသထွက်ပြောင်းများမှာ လက်ကျန်နည်းပါးနေပြီး ပွဲစားများ လှောင်ကုန်သာရှိတော့၍ ဈေးများနေခြင်းဖြစ်ပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာ မျိုးခြား ၈၅၀၀ကျပ် ၊ထူး၁- ၉၀၀၀ကျပ်/ ထူး၂- ၉၅၀၀ကျပ်/ ထူး၃- ၁၀၅၀၀ကျပ်/ ထူး၄- ၁၁၀၀၀ကျပ်၊ ထူး၅-၁၁၅၀၀ကျပ်/ထူးလွန်-၁၂၀၀၀ကျပ်နှင့်ဒေါင်းဥတစ်လုံး-၁၈၀၀၀ဖြစ်ပါသည်။    ရှမ်းကြက် သွန်ဖြူမှာ တရုတ်ကြက်သွန်ဖြူ(ကြူကုတ်)ဝင်ရောက်မှုနည်းပါလာသဖြင့် ဈေးကွက်လိုအပ်ချက် အရကုန်စည်ဝင်ရောက်မှုအပေါ် မှုတည်၍ဈေးနှုန်းအတက်ဖက်ကိုဦးတည်နေပါသည်။

     အာလူးသီးနှံမှာ အာလူးအသစ်ဝင်ရောက်မှုနည်းပါးနေသေးသည် ကြားကာလတွင် လက်ကျန်အာလူး ( အဟောင်း ) များမှာလည်း ကုန်လက်ကျန်နည်းပါးနေခြင်းကြောင်းတစ် ကြောင်းအာလူးဈေးကွက်၏ ကုန်စည်လိုအပ်ချက်ကြောင်း ဈေးနှုန်းမြင့်မားလျှက်ရှိပေသည်။ မားကစ် S1 S2 အဟောင်း (အကြော်သီး) ၅၀၀၀ကျပ်/ မားကစ် S1 အဟောင်း (အကြော်သီး) ၄၈၀၀ကျပ်/ မျက်နီ S1 S2 အဟောင်း၄၀၀၀ကျပ်/ မျက်နီ S1 OK အဟောင်း ၃၅၀၀ကျပ်၊ 0K အဟောင်း ၃၃၀၀ကျပ်၊ OK ဆွဲ ၂၀၀၀ကျပ်/ ၂၅၀၀ကျပ်၊/ ဂေါ်လီ ၁၅၀၀ကျပ် ဖြစ်ပါသည်။

     အာလူးအသစ် S1 S2 ၃၀၀၀ကျပ်၊S1 -၂၈၀၀ကျပ်/ OK ၂၅၀၀ကျပ်/ A1 ၁၈၀၀ကျပ်နှင့် ဂေါ်လီ ၈၀၀ကျပ်အထိ ဈေးပေါက်နေပါသည်။ ဈေးနှုန်းအရတောင်သူများမှာ သီးနှံတူးဖော်ထုတ် လုပ်ချိန်မတိုင်မှီစော၍တူးဖော်ထုတ်လုပ်ကြသဖြင့် သီးနှံအရည်အသွေးမလှပဲ အခွံများလှန်နေခြင်း ရေဓာတ်ပါဝင်မှုများပြီး အာလူးကို ချက်ပြုတ်စားသောက်ရာတွင် စေးပိုင်မှု နည်း၍ဖွာနေခြင်း ဖြစ်တက်ပါသည်။

     ယခုလပတ်ချင်းသီးနှံမှာ နယ်မြေအနေလမ်းပန်းအခြေအနေတို့ကိုမှုတည်း၍ ဝယ်လို အားနည်းပါးနေပါသည်။ ဈေးနှုန်းငြိမ်နေပြီးစီးဆင်းမှုနည်းပါးနေသည်။ မြေနီချင်းကြီး(ကြီး) ၃၅၀၀ကျပ်နှင့် မြေနီချင်းလတ်(လတ်)၃၀၀၀ကျပ်နှင့်ဥမရောရာ ၂၈၀၀ကျပ်ခန့် ဈေးပေါက် နေပါသည်။ နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမှသာ ချင်းဈေးလှုပ်ခတ် လာနိုင်ပါသည်။

     နနွင်းသီးနှံမှာ တရုတ်ဝယ်လက်ရှိနေသဖြင့် ဈေးပြောင်းနေပါသည်။ တောင်ပိုလနနွင်း ၁၂၀၀၀ ကျပ်မှ ၁၂၅၀၀ကျပ်အထိဈေးမြင့်နေပြီး ဆင်တောင်နနွင်း ၁၀၅၀၀ကျပ်မှ ၁၁၀၀၀ ကျပ် ထိဈေး ပေါက်နေပါသည်။

    ယခုဩဂုတ်လ ပထမပတ် ကုန်စိမ်းသီးနှံများ၏ ဈေးကွက်အခြေအနေများမှာ ခရမ်းချဉ် ဂွတ်သီး (သံယောင်) ၁၈၀၀ကျပ်၊ရှယ်သီး (သံယောင်)၁၆၀၀ကျပ်၊အသေး(သံယောင်)၁၄၀၀ကျပ် အထိဖြစ်ပြီး ၊ အစိမ်းသီး(ကြီး)၁၂၀၀ကျပ်၊အစိမ်းသီး(သေး)၈၀၀ကျပ်နှင့် ဖြင့်သာရောင်းဝယ် ကြပါသည်။ ကုန်စည်များနယ်စုံမှဝင်ရောက်လာသဖြင့် ဈေးကွက်လိုအပ်ချက်ပြည့်မှီပြီး အကျ ဈေးနှင့်စီးဆင်းမှုသွက်လတ်နေပါသည်။ ကုန်စိမ်းသီးနှံ၏အဓိကသီးနှံဖြစ်သော ဂေါ်ဖီမှာ ၈၀၀ ကျပ်နှင့် ၁၀၀၀ကျပ်ဝန်းကျင်နှင့် ပန်းပွင့်မှာ ၆၀၀ကျပ်မှ ၈၀၀ကျပ်ခန့် သာရောင်းဝယ်နေကြပါ သည်။ မုံညှင်းတစ်စီး ၄၀၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ဘိုစား(ရှယ်)၁၈၀၀ကျပ်၊ ဘိုစားပဲ (လတ်) ၁၅၀၀ကျပ်နှင့် မုန်လာဥနီကြီး ၃၀၀၀ကျပ်၊ မုန်လာဥနီ(လတ်) ၂၅၀၀ကျပ်ဖြစ်ပါသည်။ ရွှေပဲသီး(ရှယ်) ၅၀၀၀ကျပ်နှင့် ရွှေပဲသီး(လတ်) ၃၅၀၀ကျပ်၊ပဲလိပ်ပြာ ၇၀၀၀ကျပ်နှင့်ငရုတ်ပွ ၁၂၀၀ ကျပ်မှ ၁၈၀၀ကျပ်၊ ဂျူးမြစ် ၄၀၀၀ကျပ်မှ ၄၇၀၀ကျပ်အထိ ၊ ခရမ်းသီး ၁၅၀၀ကျပ်မှ ၁၈၀၀ခန့် ဖြင့် ရောင်းဝယ်နေကြပါသည်။ မိုးလယ်ရောက်ပြီးဖြစ်၍ သီးနှံစုံဒေသစုံ အထွက်စုံသဖြင့် ကုန်စိမ်းသီးနှံများ ဆက်အေးနေမည့်ဖြစ်ပါသည်။

DOCA(ရှမ်း)