*ရှမ်းတောင်ဒေသထွက် သီးနှံများ၏ဈေးနှုန်းဈေးကွက်*

Powered by Drupal

    ၂၀၂၄ခုနှစ် ဩဂုတ်လဒုတိယပတ်တွင်း မိုးလယ်ရောက်ချိန် ကုန်စိမ်းသီးနှံများနေရာစုံ၊ ဒေသစုံမှ အထွက်စုံလင် လာသဖြင့် ဈေးကွက်ကျလာသော်လည်းစီးဆင်းမှုကောင်းလာပါ သည်။သို့သော် ပြောင်းသီးနှံမှာ ကုန်သည်ပွဲစားများလှောင်ကုန်သာရှိပြီးတောင်သူလက်ကျန် ပါးချိန်ကုန်စည်ဝင်ရောက်မှုနည်း၍စီးဆင်းမှုနည်းပါးလာသည်။ ဟိုပုံး၊တောင်နီ၊ နမ်းဆန်နှင့် တောင်လေးလုံးဒေသတဝိုင်တွင် တောင်သူလက်ကျန်မရှိသလောက်ဖြစ်နေပါသည်။ အောင်ပန်းဈေး ၁၃၀၀မှ ၁၅၀၀ ရှိနေပြီး ဈေးကွက်လိုအပ်ချက်ဖြင့်အနည်းငယ်သားစီးဆင်း နေပါသည်။

    ရှမ်းတောင်ကြက်သွန်ဖြူဈေးနှုန်းမှာ တီကျစ် ၊ နောင်တရားနှင့် ပင်းလောင်းဖက်မှ ကုန်စည်ဝင်ရောက်မှုနှင့်တရုတ်ကြက်သွန်ဝင်ရောက်မှုတို့တွင်မူတည်နေပြီး တရုတ်ကြက်သွန် (ကြူကုတ်) ဝင်ရောက်မှုပါးလာချိန်တက်ဈေးစောင့်နေသဖြင့် ကုန်ဝင်ပါ၍ ဈေးမြင့် လာပါ သည်။ ဈေးနှုန်းကွာခြားချက် ၁၀၀၀ မှ ၁၅၀၀အထိမြင့်တက်လာပါသည်။ (အောင်ပန်းစ ကြက်သွန်ဖြူ(အကျစ်စ)ဝင်ရောက်မှုပါးပြီး လကုန်ပိုင်း အထိဈေးနှုန်းခပ်ပါးပါး တက်လာနိုင် ပါသည်။အာလူးသီးနှံမှာ မိုးအာလူးအသစ်ပေါ်လာသော်လည်း ဈေးကွက်လိုအပ်ချက်ဖြစ်သော အကြော်သီး(မာကစ် S2) အဟောင်းမှာဈေးမကျဘဲ ၅၅၀၀ထိဈေးရှိနေပါသည်။

   အာလူးအသစ်(မိုးအာလူး)ပေါ်ချိန် ဈေးမြင့်သဖြင့် အလုအယက်ဖေါ်နေကြရာ အရည် အသွေးဈေးကွက်ရောင်းပန်းမလှဘဲ အရွက်အစားဆိုဒ်မမှီခြင်းအစွန်းလှန်နေခြင်း၊ အမြင်မလှ ခြင်း၊ တာရှည်သိုလှောင်ရန်ခက်ခဲခြင်းစသည့်တို့ကြောင့် ကုန်သည်ပွဲစားများချင့်ချိန်ရောင်း ဝယ်နေကြရပေသည်။

    ချင်းသီးနှံမှာဈေးကွက်အဝယ်ပါးနေပြီး ပြည်တွင်းစားသုံးမှုနှင့် လှောင်လက်များသာ အဝယ်ရှိ၍ မြေနီချင်း ဥမကြီး ၃၅၀၀/၄၀၀၀ အလတ် ၃၀၀၀/၃၃၀၀ ရောင်းဝယ်နေကြပြီး ဈေးနှုန်းငြိမ်နေဦးမည်ဖြစ်ပေသည်။

    နနွင်းသီးနှံမှာတောင်ပိုလ(ရှယ်) ၁၂၀၀၀မှ ၁၂၅၀၀ နှင့် ဆင်တောင် ၁၀၅၀၀မှ ၁၁၀၀၀နှင့် အညံ့စရောရာမှာ ၉၅၀၀ဈေးပေါက်နေပါသည်။ တရုတ်ဝယ်လက်ရှိသဖြင့် နနွင်းဈေးမှာ ကုန်စည်ဝင်ရောက်မှု ပါးလျှက်ဈေးတက်လာဦးမည်ဖြစ်ပါသည်။

    ယခုဩဂုတ်လ ဒုတိယပတ် ရှမ်းတောင် ကုန်စိမ်းသီးနှံများတွင် စိုက်ဧကများ အထွက်များ အသုံးများသည့်ဂေါ်ဖီ ပန်းမုံလာ၊ခရမ်းချဉ်စသည့် ကုန်စိမ်းသီးနှံများ ဒေသစုံမှကုန်စည်များ ဝင်ရောက်လာသဖြင့် ယခင်အပတ်နှင့်ဈေးနှုန်းကွာခြားချက် ၁၀၀/၂၀၀ခန့်ရှိ၍ ခရမ်းချဉ်(သံယောင်)က ကြီး/လတ်/သေးအလိုက် ၁၈၀၀/ ၁၆၀၀/ ၁၄၀၀ 3ဖြင့်ဈေးပွင့်ပြီး အစိမ်းသီး ကြီး/လတ်/သေး ၁၂၀၀/၁၀၀၀/၈၀၀ဖြင့် ဂေါ်ဖီ ၈၀၀/၁၀၀၀နှင့်

    ပန်းပွင့် ၆၀၀/၈၀၀ ခန့်ဖြင့်ရောင်းဝယ်နေကြသည်။ ပြီးခဲ့သည့် ဧပြီ၊ မေ လောက်တွင် အဓိကကုန်စိမ်းသီးနှံဈေး မြောက်သဖြင့်တောင်သူများအစိုက်များအထွက်များ၍ဈေးနှုန်းတန့် နေဦးမည်ဖြစ်ပါသည်။ အစိုက်ဧကနည်းပြီး လူသုံးနည်းသည့် အခြားကုန်စိမ်း သီးနှံများ ဖြစ်သော မုံညင်း ၈၀၀/၁၂၀၀၊ ဘိုစားပဲ ၃၅၀၀၊ မုန်လာဥနီ ၃၅၀၀/၃၈၀၀၊ မုန်လာဥဖြူ ၂၅၀၀၊ ကျောက်ဖရုံသီး ၁၂၀၀၊ ကျောက်စိမ်းဖရုံ ၈၀၀၊ ရွှေပဲ ၅၅၀၀/၆၀၀၀ခန့် ခရမ်းသီး ၂၀၀၀၊ သံပုရာသီး (ရွာငံ) ၃၅၀၀/၄၀၀၀၊ ငရုပ်ပွ ၃၀၀၀/၃၅၀၀နှင့် ရှပ်သွယ်ခြောက် ၉၀၀၀၊ ရှပ်ပွခြောက် ၈၅၀၀ဖြင့် ရောင်းဝယ်နေကြပါသည်။

    ၂၀၂၄ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ရှမ်းတောင်ဒေသတွင် သီးနှံများသည် ဈေးနှုန်းဈေးကွက်အရ စားသုံးသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆက်လက်စီးဆင်းနေဦးမည်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ရှမ်း)