မကွေးတိုင်းဒေသကြီး၏ နှမ်းနှင့်ပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များဖြစ်သော ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံများ စိုက်ပျိုးထွက်ရှိသော ဒေသတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမြို့များရှိ ကုန်စည်ဒိုင်နှင့်ပွဲရုံများတွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

        နှမ်းသီးနှံမှာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် နှမ်း(နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုန်)၊ နှမ်းညိုကြား စုစုပေါင်းတန်ချိန်(၄၈၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်ပိဿာလျှင် ကျပ်(၉၂၀၀-၁၀၅၀၀)၊ နှမ်းနီတစ်ပိဿာလျှင် ကျပ်(၈၈၅၀-၉၀၀၀)၊ နှမ်းနက်(စမုန်) တစ်ပိဿာလျှင် ကျပ်(၁၂၅၀၀-၁၃၅၀၀)နှင့် နှမ်းညိုကြားတစ်ပိဿာလျှင် ကျပ်(၈၂၀၀-၈၅၀၀)တို့ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်နှင့်မန္တလေးသို့တင်ပို့ရောင်းချကြပြီး ပြည်ပဈေးကွက်အနေဖြင့် ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

     ပဲမျိုးစုံအနေဖြင့် ဩဂုတ်လ(ပထမပတ်)တွင် (မြေပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံနီ၊ မတ်ပဲ၊ စားတော်ပဲ၊ ထောပတ်ပဲ) စုစုပေါင်းတန်ချိန် (၇၃၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် မြေပဲဆန်တစ်ပိဿာလျှင် ကျပ်(၇၈၀၀-၈၀၀၀)၊ ပဲတီစိမ်းတစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၃၀၀)၊ ကုလားပဲ(HL) တစ်ပိဿာလျှင် ကျပ်(၄၃၂၀-၄၃၅၀)၊ ကုလားပဲ(929) တစ်ပိဿာလျှင် ကျပ် (၄၃၇၀-၄၄၀၀)၊ ပဲစင်းငုံနီတစ်ပိဿာလျှင် (၆၆၅၀-၆၈၅၀)၊ မတ်ပဲ တစ်ပိဿာလျှင် ကျပ်(၅၂၅၀-၅၄၅၀)၊ စားတော်ပဲတစ်ပိဿာလျှင် ကျပ်(၅၇၅၀-၅၉၅၀)၊ ထောပတ်ပဲတစ်ပိဿာလျှင် ကျပ်(၆၈၄၀-၇၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် မန္တလေးနှင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချပြီး ပြည်ပဈေးကွက်အနေဖြင့် ပဲစင်းငုံနှင့်မတ်ပဲကို အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)