မကွေးမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီးသည်  နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံ၊ နေကြာ၊ ဝါ၊ စပါး၊ ပြောင်း စသည်တို့ကို နှစ်စဉ်စိုက်ပျိုးပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် လိုအပ်သည့်သွင်းအားစု(ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး)များကိုလည်းသုံးစွဲကြကြောင်းသိရသည်။

         မကွေးမြို့၌ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ဓာတ်မြေဩဇာဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပြီး ကွန်ပေါင်းအုပ်စုများဖြစ်သည့် တက်တိုးမြေဩဇာတစ်အိတ်လျှင် ကျပ် (၉၈၀၀၀)၊ အာမိုအပြာ(15:15:15)တစ်အိတ်လျှင် ကျပ်(၉၈၀၀၀)၊ အာမိုအနက် (16:16:8) တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ အာမိုအစိမ်းတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)နှင့် သီးစုံ(ဝါ၊ စိမ်း၊ ပြာ) တစ်အိတ်လျှင် ကျပ်(၈၈၀၀၀)နှင့် ဇာမဏီတစ်အိတ်လျှင် ကျပ်(၉၀၀၀၀) တို့ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပုလဲပန်းဘူး(ဖြူ) တစ်အိတ်လျှင် ကျပ်(၇၉၅၀၀)၊ ပုလဲရွှေတောင် တစ်အိတ်လျှင် ကျပ်(၇၉၀၀၀)နှင့် ကောမတ် G 46% (ပုလဲ) တစ်အိတ်လျှင် ကျပ် (၇၉၅၀၀) ဖြင့်ရောင်းချနေကြောင်းသိရသည်။

         ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ပရိုမက်တင် ၅၁.၈ EC (50cc) တစ်ဘူးလျှင် ကျပ် (၂၃၀၀၀)၊ ဆလက်ပက်(စ်) (50cc) တစ်ဘူးလျှင် ကျပ်(၂၄၀၀၀)၊ ဖို(စ်)တင်း EC (50cc) တစ်ဘူးလျှင် ကျပ်(၁၇၀၀၀)၊ ဇွန်ဘီ (100g) တစ်ဘူးလျှင် ကျပ်(၁၁၈၀၀)၊ အဆီဖိတ် (250g) တစ်ထုပ်လျှင် ကျပ်(၁၂၅၀၀)၊ ဇိုင်ကလုန်း (250cc) တစ်ဘူးလျှင် ကျပ်(၁၁၀၀၀)နှင့် မက်ဆိုက်ပါ (250cc) တစ်ဘူးလျှင် ကျပ်(၁၁၀၀၀)တို့ဖြင့်ရောင်းချနေကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)