အထက်မင်းလှမြို့၊ ဥယျာဉ်ကျေးရွာတွင် မိုးစပါး(ဧရာပဒေသာ)များပိုမိုစိုက်ပျိုးလျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဥ်ကျေးရွာသည် နှမ်း၊ ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ ပဲကြီး၊ စပါး၊ နေကြာနှင့် အခြားစာဖိုးဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြောင်းသိရပါသည်။

     ဥယျာဉ်ကျေးရွာတွင် ယခင်နှစ်တွင် ဧရာပဒေသာကို စိုက်ဧက(၇)ဧကစိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် တောင်သူ(၇)ဦးသည် (၁၅)ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။ ၎င်းအနေဖြင့် (၂)ဧကကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)မှစတင်၍ စိုက်ပျိုးထားကြောင်း၊ စပါးမျိုးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၁)တင်းလျှင် ကျပ်(၆၅၀၀၀)ဖြင့်ဝယ်ယူကာ ပျိုးပင်စိုက်စနစ်ဖြင့် စိုက်ပျိုးထားပြီး ရက်ပေါင်း(၁၆၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် မျိုးဖိုးနှင့်စိုက်ပျိုးစရိတ်အပါအဝင် ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် တင်း(၁၀၀)နီးပါးထွက်ရှိပြီး စပါး(၁)တင်းလျှင် ကျပ် (၃၀၀၀၀)ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ရောင်းချရန်အတွက်သာမက စားသုံးရန်အတွက်ပါ ဧရာပဒေသာမိုးစပါးကို  ပို၍စိုက်ပျိုးလာကြောင်း ဥယျာဉ်ကျေးရွာနေတောင်သူ ဦးဇော်အောင်ထံမှသိရှိရပါသည်။

DOCA(မကွေး)