ပုသိမ်မြို့ရှိ ကြောင်လျှာသီးဈေးနှုန်းအခြေအနေ

Powered by Drupal

      ပုသိမ်မြို့ရှိ ကြောင်လျှာသီးကို မိုးရာသီမှသီးသော အသီးတမျိုးဖြစ်ပြီး ဟင်းသီးဟင်းရွက်များထဲတွင် တမျိုးအပါအဝင်ဖြစ်ပါသည်။ ကြောင်လျှာသီးကို  အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာမှာ ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်လျှာသီးအစိမ်းကို ပါးပါးလှီးပြီး သုပ်စား၍သော်လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖက်အဖြစ်သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း၊ ကြော်ချက်၍သော်လည်းကောင်း စားသုံးကြပါသည်။ ကြောင်လျှာသီးသည် ဘက်တီးရီးယားများကို တိုက်ဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်သော အာနိသင်ရှိခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကျောက်ကပ်ကို ကျန်းမာစေခြင်း၊ ဆီးချိုကိုသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်းစသည့် ကျန်းမာရေးကိုများစွာအထောက်အကူပြုသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

    ပုသိမ်မြို့ဈေးကွက်အတွင်းမှာတော့ ကြောင်လျှာသီး တစ်တောင့်လျှင် (၈၀၀-၉၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)