![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၂၂_7.jpg?itok=kkc_pSTv)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၉-၈-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးအတွင်းရှိ ကုန်စုံဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ(စည်ပင်သာယာရေးအဖွဲ့)တို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့်စစ်ဆေးခဲ့ကြောင်းသိရသည်။
ပဲပြား၊ ပိတ်ဆွယ်၊ ကြက်အူချောင်း၊ ပုစွန်ဆားနယ်၊ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်၊ အသားတု၊ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ငါးအုံးအရိုး၊ ငါးပိ၊ လက်ဖက်၊ မျှစ်(အဖြူ) စသည့် ကုန်စည်နမူနာ(၁၄)မျိုးအားဝယ်ယူခဲ့ပြီး ပဲပြား၊ ပိတ်ဆွယ်၊ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်၊ အသားတု၊ လက်ဖက်၊ မျှစ်(အဖြူ)တို့အား ရန်ပယ်စျေး၌ပင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ အစားအသောက်များတွင် သုံးစွဲခွင့်မပြုသော Sulfiting Agent (ချွတ်ဆေး)များသုံးစွဲထားခြင်းမရှိကြောင်းနှင့် ကျန်ပစ္စည်း(၇)မျိုးမှာ ခွင့်မပြုဆိုးဆေးပါဝင်မှုရှိ/မရှိသိရှိနိုင်ရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်ချက်အဖြေရရှိပါက သက်ဆိုင်ရာစျေးများနှင့် မိတ်ဖက်ဌာနတို့အား အသိပေးအကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)