၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လွိုင်လင်မြို့၊ မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်အရောင်းဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခနှင့် အထွေထွေကုန်ကျစရိတ်ထည့်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေရေး၊ စားသုံးဆီရောင်းချနေသည့် လက်လီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)