ထားဝယ်အထူးစီးပွားရေးဇုန် ၉/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးသို့ တက်ရောက်

Powered by Drupal

      ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၉/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးအား Zoom Meeting ဖြင့်ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေးပထမပိုင်း၌ OSSC အစည်းအ‌ဝေးကျင်းပခဲ့ပြီး ထားဝယ်အထူးစီးပွား‌ရေးဇုန်ဥက္ကဋ္ဌ-ဒုဥက္ကဋ္ဌများက အဖွင့်မှာကြားချက်များပြောကြားခဲ့ပြီး၊ OSSC အဖွဲ့များက ဌာနချင်းမိမိတို့ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ ပထမပိုင်း OSSC အစည်းအဝေးမှာ နေ့လယ်(၁၃း၄၅) နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။

         ဒုတိယပိုင်း MC အစည်းအဝေးအား ဆက်လက်ကျင်းပရာ ထားဝယ်အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌ-ဒုဥက္ကဋ္ဌများက ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုူအသစ်အဖြစ် လာရောက်ရင်းနှီးမြှုပ်နှံမှုကိစ္စများအားရှင်းလင်းခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက မြေယာကိစ္စများ၊ လုံခြုံ‌ရေးကိစ္စများတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် MC အဖွဲ့ဝင်များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၄း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)