တိုင်းဒေသကြီးဦးစီးမှူးသည် ထားဝယ်ခရိုင်ဆန်စပါးကုန်သည်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန်/စပါးစျေးနှုန်း၊ စျေးကွက်အခြေအနေများ၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုနှင့်စပ်လျဥ်းသည့် ကိစ္စရပ်များ၊ ထားဝယ်ခရိုင်အတွင်း ဆန်စပါးသိုလှောင်ရုံများအား မှတ်ပုံတင်ထားရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ခရိုင်အတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်သော ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)