မှော်ဘီမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဒေါ်ဖြူဖြူမြင့်အပါ (၂)ဦးသည် (၁၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးစည်ပင်မှ ဈေးတာဝန်ခံ ဦးဝေလင်းအောင်တို့နှင့်ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းရင်းဆေးအမျိုးမျိုးရောင်းချသော ဈေးအတွင်းရှိ မိဘမေတ္တာ ဦးသိန်းဝင်းဆေးဆိုင်နှင့် ပြည်လမ်း၊ တပ်ကြီးကုန်း သိုးကလေးဆေးဆိုင်များရှိ တိုင်းရင်းဆေးဝါးများအား စားသုံးသူဥပဒေပါ အခန်း(၈)တွင် ဖော်ပြထားသော ကုန်စည်တွင်ပါဝင်ရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဌာနအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော တိုင်းရင်းဆေးဝါးများရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)