ကရင်ပြည်နယ်ဒေသထွက် မန်ကျည်းသီးစိမ်းနုဈေးနှုန်း

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ မိုးရာသီဩဂုတ်လတတိယပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက်  မန်ကျည်းသီးစိမ်းနုများကို ဘားအံမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။

   မန်ကျည်းသီးစိမ်းနုကို မန်ကျည်းသီးစိမ်းငပိထောင်းထောင်း၍ဖြစ်စေ၊ မန်ကျည်းသီးစိမ်းငပိချက် ချက်၍ဖြစ်စေ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်းအထောက် အကူပြုပေးနိုင်ပါသည်။

    ဈေးနှုန်းများမှာ မန်ကျည်းသီးစိမ်းနု လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီဈေးနှုန်း (၁၀)သား (၁၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရှိရပါ သည်။

DOCA(ကရင်)