
မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားခေါ်ဆိုသည့် ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝမှ လက်ဆောင်ပေးထားသောရေခံ ၊ မြေခံ ကောင်းမွန်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်မိုးစပါးစိုက် ဧက ၃၇ သိန်းကျော်နှင့် ၊နွေစပါး စိုက်ဧက ၁၀ သိန်း ကျော်နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ဆန်ထွက်ပစ္စည်းများကို မိမိတို့တိုင်းဒေသကြီးအတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန်ထွက်ပစ္စည်းများကို ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ရောင်းချမှုနှင့် ဆန်လိုသည့် အခြားတိုင်းပြည်နယ်များသို့လည်း လစဉ်တင်ပို့ရောင်းချနေပါသည်။
၂၀၂၄ /၂၀၂၅ မိုးစပါးရာသီ ဩဂုတ်လပထမပတ်အတွင်း ဧည့်မထအုပ်စု ပေါ်ဆန်း အုပ်စုကောက်ညှင်းအုပ်စုအပြင် ဒေသနှင့်ကိုက်ညီမှုရှိသောစပါးမျိုးများကိုလည်း တိုင်းအတွင်း ခရိုင် (၈) ခု မြို့နယ် (၂၆ )မြို့နယ်တွင် စိုက်ဧက ၂၀ သိန်းကျော်စိုက်ပျိုး ပြီးစီးကြောင်း သိရသည်။
DOCA(ဧရာဝတီ)