ဘဏ်အကောင့် ပိတ်သိမ်းခံရသဖြင့် တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ငွေကျပ် (၁၅၀)သိန်း ရှိသော ၎င်း၏ဘဏ် အကောင့် ပိတ်သိမ်းခံရသဖြင့်  စားသုံးသူရေးရာဦးစီးဌာနသို့ အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

       ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  ဘဏ်မှ တာဝန်ရှိသူများထံသို့ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။  ဘဏ်မှ တာဝန်ရှိသူများက တိုင်ကြားမှုအား စုံစမ်းခဲ့ရာတွင် ဘဏ်ဝန်ဆောင်မှု သုံးစွဲသူတစ်ဦးသည် ၎င်း၏ဘဏ် စာရင်းထဲမှ ငွေကျပ် ၄၇,၉၅၉,၆၅၉/- ပျောက်ဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၃)နယ်မြေ ရဲစခန်းတွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပါကြောင်း၊ ရဲစခန်းမှစုံစမ်းစစ်ဆေးမှုအရ ၎င်း၏ ပျောက် ဆုံးနေသော ငွေကြေးများထဲမှ ငွေကျပ် ၁၅,၀၀၀,၀၀၀/-သည် 1st reciever ထံမှတစ်ဆင့် 2nd reciever ဖြစ်သော တိုင်ကြားသူ၏  Bank account သို့ စီးဝင်သွားသည်ကို  စစ်ဆေးပေါ် ပေါက်ခဲ့ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ  ငွေကြေးမသမာစီးဆင်းသွားသည့်အကောင့်များအား ယာယီတားမြစ်ပေးပါရန် အကြောင်းကြားလာမှုအရ တိုင်ကြားသူ၏ ဘဏ်အကောင့်အား ယာယီတားမြစ်၍ ပိတ်သိမ်းထားခြင်းဖြစ်ပါကြောင်း စိစစ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အမှုဖြစ်စဉ်မှာ တိုးတက်မှုမရှိသည့်အတွက် ရဲစခန်းမှ တစ်စုံတစ်ရာ ထပ်မံညွှန်ကြားလာမှု မရမီအထိ ယာယီတားမြစ်ထားသည့် တိုင်ကြားသူ၏ ငွေစာရင်းအကောင့်အား ပြန်လည်ဖွင့်ပေးထားမည်ဖြစ်ပါကြောင်းကို  Bank မှ တာဝန်ရှိသူက  အကြောင်းပြန်ကြားလာခဲ့ပါသည်။  ဌာနမှတာဝန်ရှိသူက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်၍ ရှင်းလင်းပြောကြားခဲ့ရာ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။