တံမြတ်စည်းထုတ်ကုန်အကြောင်း သိကောင်းစရာ

Powered by Drupal

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ကိုင်းဘော တံမြတ်စည်းလုပ်ငန်းလုပ်ကိုင် သည့် မြို့သစ် (၅) လမ်းရှိ ဦးမြင့်ရွှေ၏ (မြတ်မွန်) တံမြတ်စည်းလုပ်ငန်းအခြေအနေအား သာပေါင်းမြို့နယ်ဦးစီးမှူးမှ ကွင်းဆင်းမေးမြန်းခဲ့ရာ ကိုင်းဘော၊ ကြိမ်လုံး၊ နှီးထိုးရာတွင် အသုံးပြုသည့် ကြိမ်လုံး၊ ပီနန်ကြိုးတို့ကို အဓိက အသုံးပြုထားကြောင်းတွေ့ရှိရပြီး ကုန်ကြမ်းပစ္စည်း ကိုင်းဘောနှင့် ကြိမ်လုံး၊ ကြိမ်နှီးကို ပုသိမ်မြို့နယ်ရှိ ငွေဆောင်၊ ချောင်းသာတို့မှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။

    ဝယ်ယူရရှိသော ကိုင်းဘောများကို နေခြောက်လှမ်းခြင်း၊ အခက်များကို သေးငယ်အောင် ခြွေခြင်း၊ ကြိမ်နှီးဖြင့် တွဲဖက်ခြင်းသတ်မှတ်အရွယ်အစားရှိသည့်ကြိမ်လုံးတို့အား မိမိတို့ရောင်းချအသုံးပြုလိုသည့် အနေအထားသို့ ရောက်ရှိ အောင် တံမြတ်စည်းတစ်ချောင်းရရှိသည်အထိ အဆင့်ဆင့်ပြုလုပ်ရပါသည်။ တံမြတ်စည်း(၁) ချောင်းကုန်ကျစရိတ်မှာ အရွယ်အစား အမျိုးအစားအလိုက်ရှိပြီး ပုံမှန်တံမြတ်စည်း (၁) ချောင်း (၁၅၀၀) ကျပ် ကုန်ကျပြီး ဝါးခယ်မ၊ မော်ကျွန်း၊ ဖျာပုံမြို့များသို့ အရောက် ဖောက်သည်ဈေး (၂၀၀၀) ကျပ် ပေးသွင်းရကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် အချောင်းရေ (၅၃၃၅၀) ချောင်း ထုတ်လုပ်နိုင်ကြောင်းနှင့် ဒေသတွင်း လက်လုပ်လက်စားများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ဧရာဝတီ)