စားသုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဩဂုတ်လ ပထမပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၅၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဩဂုတ်လ ဒုတိယပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၅၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေသဖြင့်  စားအုန်းဆီဈေးနှုန်းမှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊  ပဲဆီသန့်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)