
ယခုအချိန်ရာသီကာလသည် ကျွဲကောသီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့ ကျွဲကောသီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ကျွဲကောသီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်မြို့များမှ အဓိကဝင်ပြီး အခြားနယ်များမှလည်း ဝင်ရောက်လျက်ရှိကြောင်းသိရသည်။
ကျွဲကောသီးပင်ခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ပဲခူးမြို့မဈေးကြီးမှ ကုန်သည်ကြီးများအနေဖြင့် ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် လက်ကားဈေးနှုန်းအနေဖြင့် အလုံးကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့်ဝယ်ယူကြပြီး လက်လီဈေးကွက်တွင် ကျွဲကောသီးသည် လူကြိုက်များသည့်သီးနှံဖြစ်သောကြောင့် အလုံးကြီးတစ်လုံးလျှင် (၂၅၀၀-၃၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အလုံးသေးတစ်လုံးလျှင် (၁၂၀၀- ၁၅၀၀)ကျပ်နှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း၊ တစ်နေ့လျှင် အရေအတွက်အားဖြင့် အလုံး(၅၀)မှ (၈၀)ကျော်အထိရောင်းချလျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အသီးအနှံဖြစ်သောကြောင့် စားသုံးသင့်သည့် အသီးအနှံဖြစ်ကြောင်း ကျွဲကောသီးရောင်းချသူ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)