
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာ၊ ကတွင်းခြံကျေးရွာ၊ မြို့လေးကျေးရွာ၊ စီးတီးကျေးရွာ၊ ကျောက်ကြီးစုကျေးရွာ စသည့်ကျေးရွာများတွင် မြစ်ရေးကြီးနေသည့်ကာလအတွင်း ချောင်းကြီး၊ မြောင်းကြီး၊ ကန်ကြီးများ ရေကြီးရေလျှံသဖြင့် ငါးသားပေါက်မျိုးစုံ ရေစီးအတိုင်း ဝင်ရောက်လာသည့်အတွက် တစ်နိုင်တစ်ပိုင်ရှာဖွေသူ အခြေခံလူတန်းစားများက ပိုက်ထောင်ခြင်း၊ ကွန်ပစ်ခြင်းများဖြင့် ရရှိလာသည့်ငါးသားပေါက်မျိုးစုံအား မိမိတို့အိမ်တွင် အိုးကပ်လေးချက်၍ ပင်စိမ်းအုပ်ပြီး တစ်မျိုး၊ ကြော်၍ တစ်ဖုံ၊ ငါးပိတို့စရာများဖြင့် မိသားစုအတွက် ဈေးသက်သာပြီး ထမင်းမြိန်သော ဟင်းကောင်းတစ်ခွက်ရရှိနိုင်ကြောင်း၊ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် ဈေးနှုန်းအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် ငွေကျပ် (၅၀ဝ)နှုန်းဖြင့် အလွယ်တကူရောင်းချရာ နေ့စဉ်အရောင်းအဝယ်လိုက်နေကြောင်း ငါးဖမ်းသူများထံမှသိရှိရပါသည်။
DOCA(ပဲခူး)