ဖရဲသီးအကြောင်း သိကောင်းစရာ

Powered by Drupal

      ဖရဲသီးသည် အာဖရိကတိုက် (၁၆)ရာစု အရှေ့တောင်အာရှနိုင်ငံများမှစ၍ ကမ္ဘာအနှံ့ဒေသများသို့ ပျံ့နှံ့ရောက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဖရဲသီးများကို ဒေသအနှံ့အပြား၌ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ဖရဲသီးစိုက်ပျိုးသောဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသများတွင် စိုက်ပျိုးကြသည်။ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပါသည်။ ဖရဲသီးမှာ ယခင်‌က နွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် ရာသီအားလုံး၌ စိုက်ပျိုးကြပါသည်။

     ဖရဲသီးတွင် ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင်အေနှင့် စီပါဝင်သော ရာသီစာအသီးဖြစ်ပါသည်။ ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး  အပူကင်းအောင် စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဖရဲသီးတွင် အသားဓာတ်၊ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ဆိုဒီယမ်နှင့်ပိုတက်ဆီယမ်တို့ပါဝင်ပြီး ဖရဲသီးကိုစားသုံးပေးခြင်းကြောင့် ကောင်းကျိုးများလည်းရရှိစေပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်ကောင်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့ကိုလည်းကာကွယ်နိုင်ပါသည်။ ပန်းနာရင်ကြပ်၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင်ရောဂါနှင့် အရိုးဆိုင်ရာရောဂါများလည်း ဖြစ်နိုင်ချေလျော့နည်းစေပါသည်။ အိုမင်းရင့်ရော်ခြင်းကိုလည်းလျော့နည်းစေပြီး အရွယ်တင်နုပျိုစေပါသည်။ ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကိုရရှိစေပါသည်။ ဖရဲသီးများကိုဝယ်ယူရာတွင် အလုံးအကြီး၊ အလတ်၊ အသေးခွဲ၍ ဝယ်ယူရခြင်းများရှိသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မင်းလှမြို့နယ်၊ မြို့မစျေး၌ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဖရဲသီးအကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဖရဲသီးအလုံးသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ဖရဲသီးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)