တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ဩဇာသီးများ ဈေးကောင်း

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှဝင်ရောက်လာသော ဩဇာသီးများမှာ ဈေးကောင်းရလျက်ရှိပါသည်။

       လူသားများအတွက် ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော အာဟာရဓာတ်များ အများအပြားပါဝင်ပါသည်။ ဩဇာသီးမှာ အသီးသာမက အစေ့၊ အရွက်နှင့် အမြစ်များပါမကျန် ဆေးဖက်ဝင်ကြောင်း လေ့လာသိရှိရပါသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။ အစာခြေစနစ်ကောင်းမွန်သောကြောင့် ထမင်းစားပြီးတိုင်း မှီဝဲသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

        ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှဝင်ရောက်လာသော ဩဇာသီးများမှာ အလုံးကြီး/ လတ်/ သေး အလိုက် (၁)လုံးလျှင် ၅၀၀ကျပ်၊ ၇၀၀ကျပ်နှင့် ၁၀၀၀ကျပ်အထိ ဈေးကောင်းရလျက်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသီးရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)