ဈေးကွက်ဝင်သည့် ဝါးပိုးမျှစ်ချဉ်

Powered by Drupal

       ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှ ဝါးပိုးမျှစ်ချဉ်များသည် နှစ်စဉ် ဇွန်လဆန်းခန့်တွင်ထွက်ရှိပြီး ၎င်းကို တောင်ငူမြို့ အရှေ့ဘက် (၅)မိုင်ခန့်ရှိ ပွဲရုံများသို့ ပေးပို့ရောင်းချလျက်ရှိပါသည်။

         ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ပွဲရုံများအနေဖြင့် မျှစ်တစ်ပိဿာလျှင် ၁၁၀၀ကျပ်ဖြင့်ဝယ်ယူပြီး မျှစ်ချဉ်ပြုလုပ်ပြီးချိန်တွင် မျှစ်ချဉ်(၁)ပိဿာလျှင် ၁၈၅၀ကျပ်ရရှိကြောင်းသိရသည်။ အလျော့တွက်၊ လုပ်သားခနှင့် အခြားကုန်ကျစရိတ်နှုတ်ပြီး (၁)ပိဿာလျှင် ၂၀၀ကျပ်ခန့်အမြတ်ရရှိကြောင်းသိရှိရသည်။

        မျှစ်ချဉ်များကို အများဆုံးဖြန့်ဖြူးရောင်းချသည့် ဈေးကွက်များမှာ မန္တလေး၊ တောင်ကြီး၊ မအူပင်၊ ဘိုကလေး၊ ပခုက္ကူ၊ ရေစကြို၊ မိတ္ထီလာ၊ ရမည်းသင်း စသောမြို့များဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)