တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်း

Powered by Drupal

      တောင်ငူမြို့၊ ညောင်ပင်ဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင် ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ကြက်ဥတစ်လုံးလျှင် အကြီးအသေးအလိုက် အသေးတစ်လုံးလျှင် ၃၅၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၇၀ကျပ်ဈေးနှုန်းရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ယခင်ကြက်ဥတစ်လုံး ၃၅၀ကျပ်မှာ ၃၈၀ကျပ်နှင့်  ၃၇၀ကျပ်တန် ကြက်ဥမှာ တစ်လုံးလျှင် ၄၂၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်သွားပါသည်။

        ဘဲဥမှာ အသေးတစ်လုံးလျှင် ၄၇၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားပါသည်။ ယခုကဲ့သို့ ဘဲဥများဈေးတက်သွားရခြင်းမှာ ရေကြီးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခေတ္တပြတ်တောက်သွားသဖြင့် အခြားမြို့နယ်မှတင်သွင်းသောဘဲဥများ ဈေးကွက်အတွင်းသို့မရောက်သောကြောင့် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း ညောင်ပင်ဈေးရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

          ကြက်ဥ၊ ဘဲဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသောရုံးဝန်ထမ်းများ အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်မှာ သွက်လျက် ရှိကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကြက်ဥ၊ဘဲဥအရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)