စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများသိရှိစေရန် အသိပညာပေးဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းတွင် ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်အရေးကြီပုံများ၊ စားသုံးသူနစ်နားဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ချိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူ ၉၈ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)